ဖားကန့်မြို့နယ်အတွင်းရှိ မြန်မာသူရကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်ဟောင်းတွင် မြေစာပိသဖြင့် ရေမဆေးရှာသူ သုံးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရ

ဖားကန့်မြို့နယ်အတွင်းရှိ မြန်မာသူရကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်ဟောင်းတွင် မြေစာပိသဖြင့် ရေမဆေးရှာသူ သုံးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရ
Published 15 December 2020

ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊စပေါ့ကျေးရွာရှိ မြန်မာသူရကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့၊မနက် ၃ နာရီအချိန်က မြေစာပြိုကျသဖြင့် ရေမဆေးရှာဖွေသူ သုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ဖားကန့်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ သင်္ခါလှူမှုကူညီရေးအသင်းထံက သိရပါတယ်။