နေပြည်တော်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတွင် COVID-19အတည်ပြုလူနာ၂၀ခန့်တွေ့ရှိထားခြင်းကြောင့် တိုင်းယာဉ်ထိန်းရဲရုံးကို Lockdown ပြုလုပ်ထား
ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှာ COVID-19 အတည်ပြုလူနာ ၂၀ ဦးနီးပါး တွေရှိထားတဲ့အတွက် တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကို Lockdown ပြုလုပ်ထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောကြားပါတယ်။