မူဆယ် မန်းဝိန်းနယ်စပ်ဂိတ်ပေါက်အနီး တရုတ်နိုင်ငံအတွင်းဝင်မည့် ၂၂ဘီးယာဉ်ပေါ်မှ ဆန်များဖြင့်ဖုံးအုပ်တင်ဆောင်လာသည့် ပိတောက်သား သစ်များ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မြန်မာ တရုတ်နှစ်နိုင်ငံ ကုန်စည်ကူးသန်းရောင်းဝယ်ရာ မန်းဝိန်းပေါက်အနီးမှာ ဒီဇင်ဘာလ ၁၂ ရက် ညနေ ၄ နာရီအချိန်ခန့်က တရုတ်နိုင်ငံထဲသို့ဝင်မယ့် တရုတ် ၂၂ဘီး တွဲကားပေါ်မှ ဆန်တွေနဲ့ ဖုံးအုပ်တင်ဆောင်လာတဲ့ ပိတောက်အမျိုးအစား သစ်စိုက်စုံများ ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။