မြဝတီမြို့ သောင်ရင်းမြစ်ကမ်းထိန်း ကျောက်စီနံရံပေါ်နေအိမ်ဆောက်လုပ်ကျူးကျော်မှုများကို တားမြစ်သွားမည်

မြဝတီမြို့ သောင်ရင်းမြစ်ကမ်းထိန်း ကျောက်စီနံရံပေါ်နေအိမ်ဆောက်လုပ်ကျူးကျော်မှုများကို တားမြစ်သွားမည်
Published 14 December 2020

 မြန်မာ-ထိုင်းနယ်စပ်စည်းခြား သောင်ရင်းမြစ်ကမ်းပါးပြိုကျမှုကနေ ကာကွယ်ဖို့ပြုလုပ်ထားတဲ့ ကမ်းထိန်းနံရံဘေးကျောက်စီနံရံနဲ့ မြစ်အတွင်းဘက်မှာ ကျူးကျော်နေအိမ်ဆောက်လုပ်နေမှုတွေကို သက်ဆိုင်ရာဌာန အဆင့်ဆင့်ကို ညွှန်ကြားပြီးတားမြစ်သွားမယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။