ရခိုင်ရှိ မြို့နယ်များတွင် ဥပဒေနှင့်ညီညွတ်ပြီဆိုပါကရွေးကောက်ပွဲအမြန်ဆုံးလုပ်ခြင်းကိုလိုလားဟု NLD ပါတီဗဟိုအလုပ် အမှုဆောင်ပြော
ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တွေမှာလွတ်လပ်ပြီးသန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တဲ့အခြေအနေ၊ ရွေးကောက်ပွဲဥပဒေနဲ့လည်းညီညွတ်ပြီဆိုပါကအမြန်ဆုံးလုပ်ခြင်းကိုလိုလားကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမျိုးညွန့်က ပြောပါတယ်။