ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများအတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကို ကန့်ကွက်ရန် ကန့်ကွက်လွှာငါးခုတင်မည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား

ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများအတွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကို ကန့်ကွက်ရန် ကန့်ကွက်လွှာငါးခုတင်မည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူပြောကြား
Published 13 December 2020

 ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေရှိခဲ့တဲ့အတွက် ကိုယ်စားလှယ်လောင်းကန့်ကွက်လွှာငါးခု တင်ဖို့ရှိပြီး အဲ့ဒီ ကန့် ကွက်လွှာငါးခုစလုံးဟာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ဖို့ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ပါတယ်။