ရှမ်းပြည်နယ်မြောက်ပိုင်းမှ မေ့ဆေးအထူးကုဆရာဝန်တစ်ဦးနှင့် သူနာပြု ၂၀ ဦးတို့ ရန်ကုန်မြို့တွင် ကူညီတာဝန်ထမ်းဆောင်ရန် စတုတ္ထအသုတ်အဖြစ် သွားရောက်
COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တဲ့ မေ့ဆေးအထူးကုဆရာဝန်တစ်ဦးနဲ့ သူနာပြု (၂၀)ဦးတို့ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ လားရှိုးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ စတုတ္ထအသုတ်အဖြစ် ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။