ရက်ပိုင်းအတွင်း ဖိုင်ဇာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖြန့်ချိရန်အလားအလာရှိနေသဖြင့် အမေရိကန်ဆေးရုံများ အဆင်သင့်ပြင်ဆင်

ရက်ပိုင်းအတွင်း ဖိုင်ဇာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖြန့်ချိရန်အလားအလာရှိနေသဖြင့် အမေရိကန်ဆေးရုံများ အဆင်သင့်ပြင်ဆင်
Published 12 December 2020

 

အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဟာ အမေရိကန်ပြည်ထောင်စုမှာ ဖိုင်ဇာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရက်ပိုင်းအတွင်း အတည်ပြုပေးတော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြတာကြောင့် ဆေးရုံတွေ၊ သူနာပြုတွေနဲ့ပစ္စည်းပို့တဲ့ UPS ကုန်တင်ကားကြီးတွေဟာ ကိုဗစ်ကာကွယ်ဆေးဖြန့်တဲ့အခါ အဆင်သင့်ဖြစ်ဖို့ပြင်ဆင်နေကြပါတယ်လို့ ဆိုပါတယ်။