၂၀၂၀ရွေးကောက်ပွဲတွင် UEC ၏ ဆောင်ရွက်မှုများသည် ဥပဒေများကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့သည်များကို တွေ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၃) ပြောကြား
၂၀၂၀ ရွေးကောက်ပွဲတွင် UEC ၏ ဆောင်ရွက်မှုများသည် ဥပဒေများကိုကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာတွေကို တွေ့ရကြောင်း ဒီဇင်ဘာ ၁၁ ရက် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ သင်တန်းကျောင်းခန်းမဆောင်၌ ပြုလုပ်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီးရှင်းလင်းတဲ့ ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပွဲ အဖွင့်ပြောကြားရာမှာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၃) ဦးလှထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။