ရွေးကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့်ဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်တွေ့မြင်ကြားသိရသဖြင့် အားရမိကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းပြောကြား

ရွေးကောက်ပွဲအလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့်ဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်တွေ့မြင်ကြားသိရသဖြင့် အားရမိကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းပြောကြား
Published 11 December 2020

ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေနဲ့ သတင်းကောင်းတွေ စဉ်ဆက်မပြတ်တွေ့မြင်ကြားသိရတဲ့အတွက် နှစ်ထောင်းအားရဖြစ်မိတယ်လို့ NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းကပြောကြားခဲ့ပါတယ်။