၂၂ နှစ်အတွင်း မိုးဗြဲရေလှောင်ကန် ရေအမှတ်အနည်းဆုံးသို့ ရောက်ရှိနေ

၂၂ နှစ်အတွင်း မိုးဗြဲရေလှောင်ကန် ရေအမှတ်အနည်းဆုံးသို့ ရောက်ရှိနေ
Published 9 December 2020

 

မိုးဗြဲရေလှောင်ကန်မှာ နှစ်ပေါင်း ၂၂ နှစ်အတွင်း ရေအမှတ်အနည်းဆုံးကိုရောက်နေတာကြောင့် လွိုင်ကော်မြို့နယ်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံအတွက် ရေပမာဏတွက်ချက်ပြီးမှသာ နွေစပါးစိုက်ဧကတွေရေပေးဝေရာမှာ ချိန်ဆပြီး ပေးရမှာ ဖြစ်တယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်က ပြောပါတယ်။