မိတ္တီလာမြို့တွင် တရားမဝင် အနှိပ်ခန်းအား ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လာရောက်အနှိပ်ခံသူများ အပါအဝင်လူ(၁၀)ဦးအား အရေးယူ
မိတ္တီလာမြို့၊ ပြည်သာယာမြောက်ရပ်ကွက်အတွင်း ဖွင့်လှစ်လုပ်ကိုင်နေတဲ့ တရားမဝင်အနှိပ်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ပြီး လာရောက်အနှိပ်ခံတဲ့ အမျိုးသားသုံးဦး၊ ဆိုင်ရှင်အမျိုးသားတစ်ဦးနဲ့ အနှိပ်အလုပ်သမအဖြစ် လုပ်ကိုင်နေသူ အမျိုးသမီးခြောက်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဥပဒေပုဒ်မနဲ့ အမှု့ဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။