ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲများကျင်းပပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့က တုံ့ပြန်မှုမရှိခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲများကျင်းပပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့က တုံ့ပြန်မှုမရှိခဲ့
Published 5 December 2020

နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ဆောလျင်စွာပြုလုပ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် ယိုဟဲဆာဆာကာဝါက တိုက်တွန်းခဲ့ပေမယ့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိခဲ့ကြောင်း ဂျပန်သတင်းစာ Asia Nikkei ရဲ့ ဖော်ပြချက်အရ သိရပါတယ်။