တရားမျှတမှုမရှိသော ရွေးကောက်ပွဲမဲရလဒ်အယုံအကြည်မရှိ၊အလိုမရှိဟုဆိုကာ သာစည်မြို့တွင် ပြည်ခိုင်ဖြိုးဝန်းရံသူ (၃၀)ခန့်ဆန္ဒပြ
နိုဝင်ဘာ(၈)ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိ၊ ရွေးကောက်ပွဲမဲရလဒ်များအယုံအကြည်မရှိ၊ ဥပဒေကျော်လွန်ညွှန်ကြားချက်တွေထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကို အလိုမရှိဘူးလို့ ဆိုကာ မိတ္တီလာခရိုင်၊သာစည်မြို့၊ ထိန်ကန်ဘောလုံးကွင်းမှာဒီဇင်ဘာ(၅)ရက်နံနက်ပိုင်းကပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝန်းရံအင်အား(၃၀)ကဆန္ဒပြခဲ့ကြပါတယ်။