မိုးကုတ်မြို့ စံပြမုန့်တိုက် ( SP Bakery ) ပိုင်ရှင်ကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဟုဆို
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ စံပြမုန့်တိုက် (SP bakery) ပိုင်ရှင် ဦးကျော်ဝင်းကို ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။