ယူရေနီယံသန့်စင်မှုကို တိုးမြှင့်မည့် ဥပဒေကြမ်းကို အီရန်ပါလီမန်အတည်ပြု

ယူရေနီယံသန့်စင်မှုကို တိုးမြှင့်မည့် ဥပဒေကြမ်းကို အီရန်ပါလီမန်အတည်ပြု
Published 4 December 2020

နျူကလီးယားစက်ရုံတွေကို ကုလသမဂ္ဂအဖွဲ့လာရောက်စစ်ဆေးခွင့်မရှိတော့ဘဲ ယူရေနီယံသတ္တုသန့်စင်မှုကို တိုးမြှင့်မယ့် ဥပဒေကြမ်းတစ်ရပ်ကို အီရန်ပါလီမန်က အတည်ပြုလိုက်ပါတယ်။ အီရန်ရဲ့ ထိပ်တန်းနျူကလီးယား သိပ္ပံပညာရှင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဒီလိုအတည်ပြုချက်ဖြစ်လာတာပါ။