မဲရုံတာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ဆရာမများနှင့်အခြားတာဝန်ရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် Swab test များ ပြု လုပ် ပေးရန် တောင်းဆို
မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ အခြားတာဝန်ရှိသူတွေကို ကျန်းမာရေးလုံခြုံစိတ်ချမှုရှိစေဖို့ ကျန်းမာ ရေးစောင့်ရှောက်မှုတွေ၊ Covid-19 ရောဂါအတွက် Swab Test တွေပြုလုပ်ပေးဖို့ နိုဝင်ဘာ ၉ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုခဲ့ပါတယ်။