ရခိုင်ပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့သော မာန်အောင် နှင့် တောင်ကုတ်မြို့နယ် တို့ တွင် ANP အနိုင်ရထားဟုသိရ 

ရခိုင်ပြည်နယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့သော မာန်အောင် နှင့် တောင်ကုတ်မြို့နယ် တို့ တွင် ANP အနိုင်ရထားဟုသိရ 
Published 9 November 2020

 

ရခိုင်ပြည်နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲက NLD ပါတီအနိုင်ရရှိခဲ့တဲ့ မာန်အောင်နဲ့ တောင်ကုတ်မြို့နယ် တို့ မှာ ANP ပါတီက အနိုင်ရထားတယ်လို့ ကနဦးသတင်းများအရသိရပါတယ်။ လက်ရှိ မဲရုံအချို့က မဲလက်မှတ်တွေ မြို့နယ်ကော်မရှင် ရုံးသို့ မရောက်ရှိတာကြောင့် မဲရလဒ် ကို သေသေချာချာ အတည်မပြုနိုင်သေးပေမယ့် လတ်တစ်လော မဲရလဒ်များအရ မာန်အောင်မြို့နယ် ရှိ ပြည်နယ်လွှတ်တော် (၁) ၊ပြည်နယ် လွှတ်တော် (၂) ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အားလုံးတွင် ရခိုင်အမျိုးသားပါတီ မှ အနိုင်ရရှိနေတာပါ။