စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့သည့်နေရာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကအနိုင်ရဟုသိရ
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာစစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင် မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော်နေရာနှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်မြေအမှတ်(၂)နေရာ၊ ဖောင်းပြင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်နေရာ၊ တမူးခရိုင် တမူးမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်နေရာ၊ မြင်းမူမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်နေရာတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအနိုင်ရနေတယ်လို့ ကနဦး သတင်းတွေအရသိရပါတယ်။