နေပြည်တော်တွင် ရွေးကောက်ပွဲနေ့၌ တာဝန်ထမ်းဆောင်ရမည့် တပ်မတော်သားများ အပါအဝင် အသက် ၆၀ နှစ်နှင့်အထက် ပုဂ္ဂိုလ်များ ကြိုတင်ဆန္ဒမဲပေး
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျန်စစ်သားရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှာ ရွေးကောက်ပွဲနေ့၌ တာဝန်ကျမယ့် တပ်မတော်သားများ အပါအဝင် အသက် ၆၀ နှစ် နဲ့ အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရပါတယ်။