ဖားကန့်မြို့နယ် ၊ ဆိပ်မူအုပ်စုအတွင်း မဲရုံအမှတ် ၂ရုံတွင် ကြိုတင်မဲပေးသူအချို့နှင့် မဲရုံတာဝန်ရှိသူတို့ကြား တံဆိပ်တုံးတွင် UEC စာ ပါ မပါ အငြင်းပွားသဖြင့် မြို့နယ်ရွေးကော်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ဖားကန့်မြို့နယ် ၊ ဆိပ်မူအုပ်စုအတွင်း မဲရုံအမှတ် ၂ရုံတွင် ကြိုတင်မဲပေးသူအချို့နှင့် မဲရုံတာဝန်ရှိသူတို့ကြား တံဆိပ်တုံးတွင် UEC စာ ပါ မပါ အငြင်းပွားသဖြင့် မြို့နယ်ရွေးကော်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး
Published 6 November 2020

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ဆိပ်မူအထက်တန်းကျောင်းအတွင်းရှိ မဲရုံအမှတ် (၅၅)နဲ့ မဲရုံအမှတ် (၅၆) တို့မှာ အောက်တိုဘာ (၃၀) ရက်နေ့နဲ့ (၃၁) ရက်နေ့တို့မှာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင် (၆) ဦးမှ ၎င်းတို့မဲပေးခဲ့တဲ့ အချိန်မှာ ရိုက်နှိပ်ခဲ့တဲ့ တံဆိပ်တုံးမှာ UEC စာလုံးမပါခဲ့ဘူးလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးရဲ့ Online Facebook Page မှ တင်ခဲ့တဲ့အတွက် မြေပြင်မဲရုံသို့ ကွင်းဆင်းစစ်ဆေးမှုရှိခဲ့တယ်လို့ သိရပါတယ်။