စစ်သည်နှင့် မိသားစုဝင်များ လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး တို့တာဝန်အရေးသုံးပါးကို အလေးထားသည့် ကိုယ်စားလှယ်လောင်းကို စဉ်းစားရွေးချယ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
စစ်သည်နှင့် မိသားစုဝင်တွေအနေနဲ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံကောင်းဖို့အတွက် ဒေသကောင်းဖို့အတွက် ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို စဉ်းစားရွေးချယ်ကြဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။