ပုသိမ်တွင် COVID ပိုးရှိနေမှန်းမသိရသေးသည့် မဲဆန္ဒရှင်နေအိမ်သို့ ကြိုတင်မဲကောက်ယူခဲ့သဖြင့် မဲရုံမှူး အပါအဝင် အဖွဲ့ဝင် ၇ ဦး ပိုးကူးစက်ခံရ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ Covid 19 ကူးစက်ခံထားရတာကို မသိရှိရသေးတဲ့ မဲဆန္ဒရှင် တစ်ဦးထံ သွားရောက်ပြီး ကြိုတင်မဲကောက်ယူခဲ့သဖြင့် မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင် ၇ဦးမှာ Covid 19 ရောဂါ ကူးစက်ခံထားရတာကို နိုဝင်ဘာလ ၄ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ခရိုင်ပြည်သူ့ဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်များအရသိရပါတယ်။