မိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းအတွင်း မြေစာပိ၍ သေဆုံးခဲ့သည် အမွှာညီအကို နှစ်ဦး၏ ရုပ်အလောင်းပြန်လည်တွေ့ရှိ 

မိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းအတွင်း မြေစာပိ၍ သေဆုံးခဲ့သည် အမွှာညီအကို နှစ်ဦး၏ ရုပ်အလောင်းပြန်လည်တွေ့ရှိ 
Published 5 November 2020

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ချောင်းကြီးကျေးရွာအုပ်စုကျောက်ဝါကျေးရွာရှိ ကျောက်မျက် တူးဖော်ရေးလုပ်ကွက်ဟောင်းမှာ တောင်ကမ်းပါးနံရံပြိုမှုကြောင့် မြေပိ၍ သေဆုံးခဲ့တဲ့ အမွှာညီအကိုနှစ်ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်) က သိရပါတယ်။