ဒီမိုကရေစီသမားများဟာအကြိမ်းအမောင်း၊အခြိမ်းအခြောက်၊အတိုက်အခိုက်ခံရမှာဖြစ်ပြီးမည်သူတရားပျက်ပျက် ကိုယ်မပျက်ကြရန် ဦးဝင်းမြင့်ပြောကြား
မြန်မာနိုင်ငံမှာဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းအောင် ကြိုးပမ်းကြရမှာဖြစ်ပြီးဒီမိုကရေစီကျင့်စဉ်နဲ့အညီအုပ်ချုပ်တဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းအောင် လုံးပမ်းကြရမှာဖြစ်တယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာNLD ပါတီဒုတိယ ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။