ဗဟိုအမေရိကသို့ ဟာရီကိန်းမုန်တိုင်းအီတာ ဝင်ရောက်တိုက်ခတ်နေပြီး မြေပြိုမှုများကြောင့် အနည်းဆုံး သုံးဦး သေဆုံး

ဗဟိုအမေရိကသို့ ဟာရီကိန်းမုန်တိုင်းအီတာ ဝင်ရောက်တိုက်ခတ်နေပြီး မြေပြိုမှုများကြောင့် အနည်းဆုံး သုံးဦး သေဆုံး
Published 4 November 2020

 

နှစ်ပေါင်းများစွာအတွင်း ဗဟိုအမေရိကကို ဝင်ရောက်တဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲမှာ ပါဝင်တဲ့ ဟာရီကိန်း မုန်တိုင်း အီတာဟာ နီကာရာဂွါနဲ့ အိမ်နီးချင်း ဟွန်ဒူးရက်စ်နိုင်ငံတို့ရဲ့ ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တာ ကြောင့် မြေပြိုမှုတွေနဲ့ ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။