အခြေအမြစ်မရှိသော အချက်အလက်များ ပြောဆိုရေးသား ဖြန့်ချိခြင်းသည် ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းကြောင်း နိုင်ငံရေးပါတီများကို ကော်မရှင် အသိပေး
မမှန်မကန်နဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေ ပြောဆိုရေးသား ဖြန့်ချိခြင်းဟာ မဲပေးခြင်းနဲ့ ရွေးကောက်ပွဲ ပျက်ပြားစေဖို့ လုပ်ဆောင်ရာရောက်သဖြင့် ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းကြောင်း နိုင်ငံရေးပါတီတွေကို အသိပေးချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။