လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲပေးရာ ကိုယ်စားလှယ်လောင်းတစ်ဦးက ဖိအားပေးမှုများရှိခဲ့သဖြင့် မြို့နယ်ရွေးကော်ထံတိုင်ကြားမည်

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲပေးရာ ကိုယ်စားလှယ်လောင်းတစ်ဦးက ဖိအားပေးမှုများရှိခဲ့သဖြင့် မြို့နယ်ရွေးကော်ထံတိုင်ကြားမည်
Published 4 November 2020

တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာအုပ်စုမှာ ကြိုတင်ဆန္ဒမဲပေးရာတွင် မဲရုံကို လာရောက်ပြီး ဥပဒေနှင့်မညီညွှတ်တဲ့ ကိစ္စအချို့ကို ရွေးကောက်ပွဲခံ ကိုယ်စားလှယ်လောင်းတစ်ဦးက လာရောက်ဖိအားပေးမှုများရှိခဲ့တာကြောင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ မောင်းမကန်ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။