ကော်မရှင်မှ ရွေးကောက်ပွဲရလာဒ်ကို ကြေညာလိုက်ပြီဆိုသည်နှင့် လက်ခံရမည့်သဘော ပြောခဲ့ဖူးသော်လည်း ယခုအခါ သတိထားရမည့် အခြေအနေဖြစ်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီဆိုတာနဲ့ လက်ခံရမယ့် သဘောကို ၂၀၁၅ ရွေးကောက်ပွဲ မဲပေးစဉ်အခါက ပြောခဲ့ဖူးပေမယ့် ယခုအခါ သတိထားရမယ့်အခြေအနေ ဖြစ်လာတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။