မန္တလေးမြို့ရှိ ၄၁ လမ်း ကုန်စိမ်းညဈေးတွင် ဈေးသည် ငါး ဦး Covid-19 ပိုးတွေ့ပြီးနောက် ဈေးရှိ ဆိုင်ခန်း တစ်ရာကျော် ယာယီ ရောင်းချခွင့်ပိတ်
မန္တလေးမြို့ရှိ လက်ကားဈေးကြီးဖြစ်တဲ့ ၄၁ လမ်း ကုန်စိမ်း ညဈေးတွင် ရောင်းချသော ဈေးသည် တစ်ဦးမှာ အောက်တိုဘာ ၂၆ ရက်က Covid-19 ပိုးအတည်ပြုတွေ့ရှိခဲ့ပြီး ဆက်စပ်သူတွေကို စစ်ဆေးရာ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးအပါဝင် ဈေးသည် ငါး ဦးမှာ Covid-19 ပိုးအတည်ပြုတွေ့ရှိခဲ့ပြီးနောက် ဈေးရှိ ဆိုင်ခန်း ၁၃၀ ကျော်ကို နိုဝင်ဘာ ၂ ရက်မှစတင်ကာ ရောင်းချခွင့်ယာယီပိတ်ထားတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။