ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်ခြင်း ဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မလိုလားတဲ့ ကိုယ်ကျိုးစီးပွားသမားများရှိနေဟု သမ္မတပြောကြား
နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက် ဘောင်အတွင်းက လုပ်ကိုင်ဆောင်ရွက်ရတာဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မလိုလားတဲ့ ကိုယ်ကျိုးစီးပွားသမားတွေ လည်းရှိနေတယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။