သက်သေမခိုင်သော စွပ်စွဲချက်များဖြင့် မဲရုံတာဝန်ထမ်းမည့် ဆရာ၊ဆရာမများကို စော်ကားပြောဆို နေခြင်းများကို ဥပဒေအရ ကာကွယ်ပေးသွားမည်ဟု အခြေခံပညာရေးလုပ်သားများသမဂ္ဂ ထုတ်ပြန်
သက်သေမခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့ မဲရုံအသီးသီးမှာ တာဝန်ထမ်းဆောင်မယ့် ဆရာ၊ဆရာမတွေကို လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တိုက်ခိုက်၊ ထိပါး၊ စော်ကားပြောဆိုနေခြင်းများကို ကန့်ကွက်ရှုံ့ချသလို ဥပဒေအကြောင်းများအရ ကာကွယ်တုံ့ပြန်သွားမယ်လို့ အခြေခံပညာရေးလုပ်သားများ သမဂ္ဂက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။