နောင်ချိုမြို့အဝင်မှ ကိုဗစ်ရောဂါပိုးစစ်ဆေးရေးဂိတ်တွင် တွဲကားတစ်စီးဝင်တိုက်မိသဖြင့် ယာဉ်ထိန်းတစ်ဦးနှင့်အရပ်သားတစ်ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အဝင် ကိုဗစ်ရောဂါပိုးစစ်ဆေးရေးဂိတ်မှာ တွဲကားတစ်စီးဝင်တိုက်မိတာကြောင့် တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတစ်ဦးနဲ့အရပ်သားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံက သိရပါတယ်။