အာဖဂန်နစ္စတန်ရှိ ကဘူးတက္ကသိုလ်ကို သေနတ်သမားများ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သဖြင့် ၂၂ ဦးထက်မနည်း သေဆုံး
နိုဝင်ဘာ ၂ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံရဲ့ အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ ကဘူးတက္ကသိုလ်ကို သေနတ်သမားတွေက အသေခံဗုံးဖောက်ခွဲပြီး စာသင်ခန်းတွေထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။