မလှိုင်-မြင်းခြံကားလမ်းအနီး ကမ္ဘားဖြူကျေးရွာအုပ်စုအတွင်းရှိ နေအိမ်ခြံဝန်းအတွင်း သစ်ပင်စိုက်ရန် မြေကျင်းတူးရာမှ ရပ်တော်မူကျောက်ဆင်းတု သုံးဆူတွေ့ရှိသဖြင့်အပူဇော်ခံထားကြောင်းသိရှိရ
မလှိုင်မြို့နယ်၊ ကမ္ဘားဖြူကျေးရွာအုပ်စု၊မိတ္တီလာ-မြင်းခြံကားလမ်းမမိုင်တိုင်အမှတ်(၂၃)မိုင် လေးဖာလုံအနီး ခြံဝန်းအတွင်းမှာ နိုဝင်ဘာ(၁)ရက်နေ့က သစ်ပင်စိုက်ပျိုးဖို့မြေကျင်းတူးစဉ်ရပ်တော်မူ၊ စကျင်ကျောက်သား ရဟန္တာဆင်းတုတော်သုံးဆူကို တူးဖော်တွေ့ရှိခဲ့တာကြောင့် နေအိမ်ခြံဝန်းအတွင်းမှာ ခေတ္တအပူဇော်ခံထားတယ်လို့ သိရပါတယ်။