ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် အလုပ်သမားများကိုအချိန်ပိုခေါ်ယူခြင်းသည် ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီးတည်ဆဲဥပဒေအရအရေးယူပေးရန် CTUM အဖွဲ့ချုပ် တောင်းဆို
ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာအလုပ်သမားတွေကိုအချိန်ပို (OT)ခေါ်ယူတာဟာရွေးကောက်ပွဲဥပဒေကိုချိုးဖောက်တာဖြစ်ပြီး နိုင်ငံသားတစ်ဦးရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို နှောက်ယှက်တဲ့ မည်သည့်အလုပ်ရှင်မဆိုတည်ဆဲဥပဒေအရအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က နိုဝင်ဘာ ၂ ရက်တွင် တောင်းဆိုချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။