ကနေဒါနိုင်ငံ၊ ကွီဗက်မြို့တွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာအနည်းဆုံး နှစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာရ သံသယရှိသူကို ရဲတပ်ဖွဲ့ကဖမ်းမိထား
အောက်တိုဘာ ၃၁ ရက်နေ့ညကကနေဒါနိုင်ငံ၊ ကွီဗက်မြို့က ပြည်နယ်လွှတ်တော်အနီးမှာ အလယ်ခေတ်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက ဓားနဲ့လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးလူ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကာသံသယ ရှိသူအမျိုးသားကိုရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့ အစောပိုင်းမှာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။