အစိုးရသစ်လက်ထက် လေးနှစ်အတွင်း ပို့ကုန်တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် လျော့ကျခဲ့ကြောင်းပြည်ထောင်စုဝန်ကြီးပြောကြား
အစိုးရသစ် စတင်တာဝန်ယူချိန်မှာ ပြည်ပ ကုန်သွယ်မှု လိုငွေ ဒေါ်လာ ငါးဘီလျံကျော် အထိ ရှိပြီး လေးနှစ်အတွင်း ပို့ကုန် တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မှာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁.၄ ဘီလျံခန့် လျော့ကျခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားပါတယ်။