မြောင်းမြမြို့နယ် ပကိတ်ကြီးကျေးရွာတွင် ကြိုတင်မဲကောက်ယူရာ၌ ရွေးကောက်ပွဲကော်မရှင်တံဆိပ်တုံးမှားနှိပ်မိသည့် ဆန္ဒမဲများအား ပယ်မဲအဖြစ် မသတ်မှတ်ဟုဆို
မြောင်းမြမြို့နယ် ပကိတ်ကြီးကျေးရွာမှာ ကြိုတင်မဲတွေကောက်ယူရာမှာမဲဆန္ဒလက်မှတ်ပေါ်မှာ ရွေးကောက်ပွဲကော် မရှင်တံဆိပ်တုံးအားကျောဘက်မှာရိုက်နှိပ်ရမယ့်အစားမဲဆန္ဒပြုရမယ့် အရှေ့ဖက်မှာမှားယွင်းရိုက်နှိပ်မိတဲ့ မဲတွေကိုပယ်မဲအဖြစ် မသတ်မှတ်ပဲအတည်ပြုပေးမှာဖြစ်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။