မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးကရပ်/ကျေးကြိုတင်မဲရုံ၊ မဲပုံးများထားသည့်နေရာတွင်တပ် ဆင်သွားသည်ဆိုသည့် CCTV များကို ပြန်လည်ဖြုတ်သိမ်းခဲ့
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးထွန်းမင်းအောင်ကအောက်တိုဘာလ (၃၀) ရက်ကရပ်/ကျေးကြိုတင်မဲရုံ၊ မဲပုံးတွေထားတဲ့နေရာမှ တပ်ဆင်သွားတယ်ဆိုတဲ့ CCTV တွေကိုရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့အညီပြန်လည်ဖြုတ်သိမ်းခဲ့တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်နိုင်ဦးကပြောပါတယ်။