အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက် အထိ စစ်ရေးလှုပ်ရှားမှုများ တပ်မတော်မှ ထပ်မံရပ်ဆိုင်းပေး
နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းများရှိတဲ့ နေရာများမှအပ ကျန်နယ်မြေတွေမှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမှာဖြစ်တယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။