ဗန်းမော်မြို့ မြန်မာလေကြောင်းလိုင်း လက်မှတ်ရောင်းသည့် နေအိမ်တွင် လုယက်ခံရပြီး အမျိုးသမီး တစ်ဦး အသတ်ခံရ
ကချင်ပြည်နယ် ၊ဗန်းမော်မြို့၊ဂျူဗလီလမ်း၊ မင်းကုန်းရပ်ကွက်ရှိ မြန်မာလေကြောင်းလိုင်း လက်မှတ်ရောင်းတဲ့ အိမ်မှာ အောက်တိုဘာ ၃၀ ရက် မနက် ၁၁ နာရီခန့်က အနုကြမ်းစီးလုယက်ခံခဲ့ရပြီး အမျိုးသမီးတစ်ဦး အသတ်ခံရတယ်လို့သိရပါတယ်။