ကြိုတင်မဲစာအိတ်များကို ကော်ကပ်ရမည်ဖြစ်ပြီး မကပ်ဘဲ မဲပုံးများအတွင်း ထည့်မိသည့် မဲများကိုလည်း ပယ်မဲမသတ်မှတ်ဟု ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြောကြား

ကြိုတင်မဲစာအိတ်များကို ကော်ကပ်ရမည်ဖြစ်ပြီး မကပ်ဘဲ မဲပုံးများအတွင်း ထည့်မိသည့် မဲများကိုလည်း ပယ်မဲမသတ်မှတ်ဟု ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြောကြား
Published 30 October 2020

၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၂၉ရက်ကစပြီး  ကြိုတင်မဲများ စတင်ပေးခွင့်ပြုပြီးနောက် ကြိုတင်မဲစာအိတ်များကို ကော်ကပ်တာ၊ မကပ်တာနဲ့ ပတ်သက်ပြီး ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ အငြင်းပွားမှု ဖြစ်ပေါ်နေပြီး ကော်မကပ်ဘဲ မဲပုံးများအတွင်း ထည့်မိတဲ့မဲတွေကိုလည်း ပယ်မဲမသတ်မှတ်ဘူးလို့ ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြောကြားပါတယ်။