ဖြတ်သန်းခဲ့သည့် အစိုးရသက်တမ်းနှစ်ဆက် ကာလအတွင်း ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာ ရယူကာ ချိန်ထိုးစဉ်းစား ရွေးချယ်စေလိုကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား
မကြာမီ ကျင်းပပြုလုပ်မယ့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ ဖြတ်သန်းလာခဲ့တဲ့ အစိုးရသက်တမ်း နှစ်ဆက်ကာလအတွင်း တွေ့ကြုံခဲ့ရတာတွေကို သင်ခန်းစာယူကာ ချိန်ထိုးစဉ်းစားရွေးချယ်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။