ဒီးမော့ဆိုမြို့နယ် ဝက်မွေးမြူရေးစီမံကိန်းမှ  အနံ့ဆိုးထွက်ပြီး ရေဆိုးများမှာ ရွာသောက်သုံးရေကန်ဘက်သို့စီးဆင်းနေသဖြင့် ကွင်းဆင်းစစ်ဆေး

ဒီးမော့ဆိုမြို့နယ် ဝက်မွေးမြူရေးစီမံကိန်းမှ  အနံ့ဆိုးထွက်ပြီး ရေဆိုးများမှာ ရွာသောက်သုံးရေကန်ဘက်သို့စီးဆင်းနေသဖြင့် ကွင်းဆင်းစစ်ဆေး
Published 30 October 2020

နှစ် ၅၀ စာချုပ်ဖြင့် ဝက်မွေးမြူရေးစီမံကိန်းကို ဒီးမော့ဆိုမြို့နယ် ဒေါပေါ်ကလဲနှင့်ဒေါကလိုးခူကျေးရွာအနီး ဆောင်ရွက်လျက်ရှိရာ အဲဒီစီမံကိန်းကနေ  အနံ့ဆိုးထွက်ပြီး ရေဆိုးတွေမှာ ရွာသောက်သုံးရေကန်ဘက်သို့စီးဆင်းနေသောကြောင့် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်.