တရုတ်နိုင်ငံ ရွှေလီမြို့ နားကြပ်စက်ရုံ၌ ချုပ်နှောင်ခံခဲ့ရသော မြန်မာအမျိုးသမီး ၃၉ ဦး ပြန်လည်လွတ်မြောက်
မြန်မာ -တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ နားကြပ်စက်ရုံမှာ ချုပ်နှောင်ခံခဲ့ရတဲ့ အမျိုးသမီး၃၉ ပြန်လည်လွတ်မြောက်ခဲ့ပြီး အဲဒီအထဲမှ အမျိုးသမီး ခြောက် ဦးမှာ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် နန်းတော်ဂိတ် မူဆယ် မှတဆင့် မြန်မာနိုင်ငံဘက် သို့ မိမိဆန္ဒအလျောက် ပြန်လာတယ်လို့သိရပါတယ်