လူထုသဘောထားမတောင်းခံဘဲ ယာယီကုန်တင်ယာဉ်ရပ်နားစခန်း ထားရှိမှုအတွက် ဖယ်ရှားပေးရန် လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာသားများတောင်းဆို

လူထုသဘောထားမတောင်းခံဘဲ ယာယီကုန်တင်ယာဉ်ရပ်နားစခန်း ထားရှိမှုအတွက် ဖယ်ရှားပေးရန် လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာသားများတောင်းဆို
Published 28 October 2020

လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာ အထကကျောင်းခွဲမှာ ယာယီကုန်တင်ယာဉ်ရပ်နားစခန်း သတ်မှတ်ထားရှိမှုမှာ လူထု၏သဘောထားမတောင်းခံဘဲ ပြည်နယ်အစိုးရ အစီအမံနဲ့ လုပ်ဆောင်ခဲ့သောကြောင့် အမြန်ဆုံးလာရောက် ညှိနှိုင်းပြောင်းရွေ့ပေးဖို့နဲ့ မဖြေရှင်းပါက ဖယ်ရှား သွားမယ်လို့ ကျေးရွာလူထုက သဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။