ပျဉ်းမနားမြို့နယ်၌ ပြည်သူ့ရှေ့ဆောင်ပါတီ လှည့်လည်ပွဲတွင် မော်တော်ယာဉ်မတော်တဆမှုကြောင့် တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီက ဦးဆောင်ပြုလုပ်သည့် လှည့်လည်ပွဲတွင် မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါလာသူတွေထဲက တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။