စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ပုလဲ၊ ချောင်းဦး၊ ဝက်လက်နှင့်ကန့်ဘလူတို့တွင် NLDပါတီကို ဝန်းရံသူများအား အမှုဖွင့်ထားဟု တိုင်းပါတီ အတွင်းရေးမှုးပြော
ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီး NLDပါတီကို ဝန်းရံထောက်ခံသူတွေက နည်းမျိုးစုံနဲ့ နှောင့်ယှက်လာခဲ့တဲ့အတွက် နှောင့်ယှက်လာသူတွေကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပုလဲ၊ ချောင်းဦး၊ ဝက်လက်နှင့် ကန့်ဘလူမြို့နယ်တို့မှာ အမှုဖွင့်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးကပြောပါတယ်။