မိုင်းပန်တွင် လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး၊ တောင်ကြီး စဝ်စံထွန်း ဆေးရုံ တင်ပို့
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်တွင် လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးမှာ သေနတ်ပစ်ခံရပြီး၊ မိုင်းပန်ဆေးရုံမှတဆင့် တောင်ကြီး စဝ်စံထွန်း ဆေးရုံ တင်ပို့နိုင်ဖို့ သယ်ယူလာပြီဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။